Tuesday 7 May 2013

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း ။






၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း


 
Internet Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mectel@c800.mm
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း
ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။


Credit  to  :  http://www.myanmarmobileapp.com

Viber for Windows



Viber ကနေ ကွန်ပျူတာမှာ အသုံးပြုဖို့အတွက် Bata ဗားရှင်းအနေနဲ့ ထုတ်ပေးလိုက်ပါပီ 
အကောင့်ဖွင့်နည်းကတော့ ဖုန်းမှာလိုပါဘဲ ကွန်ပျူတာမှာ အသုံးပြုရနိုင်ဖို့အတွက် 
Viber မှာ အကောင့်မလုပ်ဖူးတဲ့ ဖုန်းနံပတ်တစ်ခုဘဲလိုပါတယ် အဆင်ပြေပါစေ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

ကွန်ပျူတာကနေ အသုံးပြုချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေ
For window Xp/7/8
ပါတဲ့လုပ်ဆောင်ချက်တွေကတော့ 
  • Best-quality HD voice calls
  • Video calls
  • Free text and photo messages
  • Group conversations
  • No registration, passwords or invitations required
  • Contacts and messages sync between your mobile and Windows
  • Transfer ongoing calls between devices 
  •  viber for window   >>>>>>>>>>download<<<<<<<<<
  • အားလုံးအဆင်ပြေကြပါစေ...
  •                                       ။။။။။........မိုးဇက်.....။။။။။။။။

၁၅၀၀ တန် CDMA 800MHz ဖုန်းများ ဟန်းဆက်ရွေးချယ်ဝယ်ယူခွင့်နည်းပါး


တန်ဖိုးနည်း CDMA 800MHz မိုဘိုင်းတယ်လီဖုန်းများအတွက် ဟန်းဆက်ရွေးချယ် ၀ယ်ယူအသုံးပြုရာတွင် အခွင့်အရေးနည်းပါးလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ရွေးချယ်စရာနည်းတယ်။ လတ်တလော ဈေးကွက်ထဲမှာတော့ CDMA 800MHz ဖုန်းတွေက Huawei အမှတ်တံဆိပ်တွေပဲ များတယ်” ဟု Mobile Bank မိုဘိုင်းဖုန်းဆိုင်မှ ဦးတင်မောင်လတ်ကပြောသည်။ အဆိုပါ ဖုန်းများအတွက် အသုံးပြုရန်မှာ ZTE အမှတ်တံဆိပ်ဟန်းဆက်များက အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တန်ဖိုးနည်း မိုဘိုင်းဖုန်းများ စတင်ချထားပေးခြင်းကြောင့် ဟန်းဆက်ဈေးနှုန်းများ မြင့်တက်သွားမည်ဟု မချထားပေးခင်ကာလက ရောင်းချသူများက ခန့်မှန်းခဲ့ကြသော်လည်း လက်ရှိတွင် ဈေးနှုန်းမြင့်တက်ခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ “ပစ္စည်းတွေက ဈေးကွက်အထဲမှာ တော်တော်များများ ရှိပါတယ်။ ဈေးနှုန်းမတက်လာနိုင်ပါဘူး” ဟု လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ မဇာခြည်လင်းကပြောသည်။ CDMA 800 MHz ဖုန်းများအတွက် ဟန်းဆက်များမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ အဓိက၀င်ရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ CDMA 800MHz ဖုန်းများအတွက် ရည်ရွယ်၍ထုတ်လုပ်ထားသော ဟန်းဆက်များအနက်အချို့မှာ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800MHz မိုဘိုင်းတယ်လီဖုန်းနှင့်အသုံးပြု၍ အဆင်မပြေဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း Setting ထဲသို့ဝင်ရောက်ပြင်ဆင်၍ အသုံးပြုရန် လိုအပ်ခြင်းသာဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “ Huawei အမှတ်တံဆိပ်ထဲက ၈၈၁၃ မော်ဒယ်က သုံးလို့မရဘူးလို့ ပြောကြတယ်။ ဒါပေမယ့်မဟုတ်ပါဘူး။ အဲဒီဖုန်းက GSM ရော CDMA ရော နှစ်ကတ်သုံးဆိုတော့ Setting ထဲမှာ CDMA Only ဆိုပြီး ပြင်သုံးရမှာဖြစ်ပါတယ်။ တော်တော်များများကတော့ သုံးလို့ရပါတယ်” ဟု ယုဇနပလာဇာရှိ မိုဘိုင်းဟန်းဆက် ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများအတွက် ဟန်းဆက်များမှာ နှစ်သောင်းကျော်ကျပ်မှ တစ်သိန်းကျော်ကျပ်ဝန်းကျင်ရှိကြောင်း ဦးတင်မောင်လတ်ကပြောသည်။ “ဈေးကွက်ထဲမှာတော့ ဆိုင်တွေက သူ့အချိတ်အဆက်နဲ့သူ ချိတ်ဆက်ထားပြီးသားမို့လို့ ဈေးတက်လာစရာအကြောင်းတော့ မရှိပါဘူး” ဟု ၎င်းကပြောသည်။ ဈေးကွက်အတွင်း GSM ဟန်းဆက်အများစုမှာ စင်ကာပူနိုင်ငံမှ ၀င်ရောက်တတ်သော်လည်း CDMA 800 MHz ဟန်းဆက်အများစုမှာ ၀င်ရောက်ခြင်းမရှိကြောင်း သိရသည်။ လက်ရှိဈေးနှုန်းများ မြင့်တက်ခြင်းမရှိသော်လည်း တရုတ်ငွေ အတက်အကျဖြစ်ပေါ်ပါက ဈေးနှုန်းလည်း အပြောင်းအလဲအချို့ဖြစ်ပေါ်နိုင်ကြောင်း မဇာခြည်လင်းကဆိုသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းများကို ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ ရောင်းချခဲ့ခြင်းဖြစ်သည်။ လက်ရှိ မိုဘိုင်းတယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် အ၀င်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန် မလိုအပ်ပေ။ အင်တာနက်အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA 800MHz ဖုန်းများကဲ့သို့ တစ်မိနစ်အသုံးပြုခ ၄ ကျပ်ဖြစ်သည်။

ရေးသားသူ -ထွန်းထွန်း                                                        
                                                                                                  မူရင်းလင့်....http://myanmarinternetjournal.com

Myanmar eRadio App (for andriod)

ရေဒီယိုလိုင်း ၆ လိုင်းကို ဝဘ်ဆိုက်တွေကို ဝင်ရောက်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးကိုဖွင့်ပြီး နားထောင်လို့ရတဲ့ကောင်လေးပါ .......internet ချိတ်ဆက်လိုက်ရုံဖြင့် အလုပ်ခွင်ထဲးမှာလည်း နားထောင်လို့ရနိုင်ပါတယ်  ပီးခဲ့သော ရက်တွေကလွှင့်ထားတဲ့ အကြောင် အရာတွေကိုလည်း ပြန်လည်နားထောင်ချင်ရင် ပြန်ပီးနားထောင်လို့ရနိုင်ရနိုင်ပါတယ် 
လိုအပ်သော ဘော်ဘော်များ ကြိုက်သလောက်တာယူပေတော့
  download                  >>>>>>> Myanmar eRadio App<<<<<<<<<<<
အဆင်ပြေကြပါစေ ဗျာ.......။။။။
                                             ။။။။။။။။..........မိုးဇက်.......။။။။။။။။

Sensor music player (for andriod) ဖုန်းထဲက သီချင်းသံကို နှစ် ဆ ကျယ်စေမဲ့ကောင်လေး

Android ဖုန်းတွေမှာ သီချင်းဖွင့်နားထောင်လို့ အသံတိုးနေတယ်ဆိုရင် Sensor Music Player လေးကိုသုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရိုးရိုး Player နဲ့ ဖွင့်တာထက် အသံနှစ်ဆ ပိုကျယ်တဲ့အပြင်သီချင်းဖွင့်ထားတဲ့အချိန် နောက်တစ်ပုဒ်ကျော်ချင်ရင် ခလုတ်တွေ လိုက်နှိပ်စရာမလိုပဲ ဖုန်း Screen ပေါ်ကို လက်ကလေးဝှေ့လိုက်တာနဲ့ ပြောင်းတာ၊ ဖုန်းကို ဘောင်းဘီ အိတ်ထဲ ထည့်ထားရင်းပုတ်လိုက် တာနဲ့ပြောင်းတာ၊ စားပွဲပေါ် တင်ထားရင်း တစ်ချက်ထုလိုက်တာနဲ့ နောက်တစ်ပုဒ် ပြောင်းတာတွေပါ ပါဝင်ပါတယ်။


Player ကို ဖွင့်ပြီးတော့ LIBRARY ကို နှိပ်ကာ ကိုယ် နားထောင်ချင်တာကို ရွေးဖွင့်နိုင်ပါတယ်။


အသံ ၂ ဆ ကျယ်ဖို့ကတော့ အပေါ်ဆုံးက ပုံလေးရဲ့ ညာဘက်အစွန်က ဝိုင်းပြထားတာလေးကို နှိပ်ပြီး
အပေါ်ကို ဆွဲတင်လိုက်ရုံပါပဲ။ သီချင်းကို နားထောင်ကြည့်ပြီး အဆင်ပြေသလို ရွှေ့လိုက်ပေါ့နော်..။



သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်.....။

အားလုံအဆင်ပြေပါစေ ..။
                              ။။။။။......မိုးဇက်.....။။။။။                               မူရင်း .... သီချင်းများဥယျာဉ်

Video Converter Android + key full version (for andriod phone)




 Video Converter Android လေးလာပါပြီဗျာ....။ဖုန်းမှ video ဖိုင်များကို ကိုယ့်စိတ်ကြိုက် asf, avi, divx, flv, m2v, m4v, mjpeg, mkv, mov, mpg, ogg, ogv, rm, rmvb, webm, wmv, dv, mp3 အစရှိတဲ့ ဖိုင်များအဖြစ် မိမိ၏ andriod ဖုန်းအတွင်းမှာပဲ convert လို့ရ တဲ့ဆောဝဲလေးပါ...။ ဖုန်းတွင် မရှိမဖြစ် လို အပ်သောဆောဝဲ လေးဖြစ်ပါတယ်..။ဗီဒီယိုဖိုင်များကို mp3 ဖိုင်အဖြစ် သို့လည်း  ပြောင်းလဲပေးနိုင် တဲ့အတွက် အရမ်း အသုံးဝင်ပါတယ်...။full version အဖြစ်အသုံးပြုလို့ရအောင် Video converter android key.apk ပါတင်ပေးထားပါတယ်...။ 
Video converter android key.apk လေးက play store မှာ ဆိုရင် US$2.83 ပေးဝယ်ရပါတယ်....။ 
အောက်က ပေးထားတဲ့ ဆောဝဲ 3 ခုလုံးကို ဒေါင်းပြီး install ပါ ....။ပြီးရင် full version အဖြစ် အသုံးပြုလို့ရပါပြီ.....။

Video converter.apk                                Download
Video Converter codec armv7.apk            Download
Video converter android key.apk              Download
Video Converter Android Screenshots
  
 
 
အားလုံးအဆင်ပြေပါစေ.......။။။။။။။....မိုးဇက်.....။။။။။။။

samsung မြန်မာဖောင့် နှင့် ကီးဘုတ် (for android)


sumsang androiod အတွက် မြန်မာဖောင့်နှင့်ကီဘုတ်တွေ ပါ....
လိုအပ်တဲ့သူငယ်ချင်းတွေ ယူသွားကြပါ 
စုစုပေါင်း  ()  မျိုးတင်ပေးလိုပ်ပါတယ် ကြိုက်ရာကို ကြိုက်သလောက်တာယူပေတော့ 
           ဒါတွေကတော့ မြန်မာဖောင့်တွေ
ဒီကောင်ကတော့ font style ပါပြောင်းလို့ရတဲ့      Zawgyi-One Flipfont 
ဒီကောင်ကတော ရိုးရိုး font လေးပါ                   Zawgyi_One
         ဒါတွေကတော့ ကီးဘုတ်ပါ
ဒါကတော့   မြန်မာကီးဘုတ်-                           computer system kebroad
ဒါကတော့  kebroad                                     iTextmm2

ထည့်နည်းတွေကတော့လူတိုင်းသိမှာပါ လွယ်ကူပါတယ်...
    မသိတော့သူများရှိပါက   comments မှာပဲဖြစ်ဖြစ် mail မှာပဲဖြစ်ဖြစ်မေးနိုင်ပါတယ်

အားလုံးအဆင်ပြေကြပါစေဗျာ   ........        
                                                     မိုးဇက်

Web Video Downloader v1.8 (for nandriod)




witesite ထဲက ဗီဒီယိုတွေကို download  လုပ်ချင်သူတွေအတွက် ဒီဆောဝဲလေးကို တင်ပေးလိုက်ပါတယ်...။ အရမ်းကိုအသုံး တည့်မယ်လို့မျော်လင့်ပါတယ် ...။downloader တော်တော်များများ ဟာ youtube ဗီဒီယိုလောက်ပဲ အဆင်ပြေ ကြပါတယ်....။ဒီကောင်လေးက website က ဗီဒီယိုတွေ အားလုံး ကို ဒေါင်းပေး နိုင်ပါတယ်  ....။ အသုံးပြုနည်းကိုတော့ အောက်မှာ ရေးထားပါတယ်.....
        -   
  • - Web Video Downloader က Browser တစ်ခုပါ။
  • -website လိပ်စာရိုက် .. ကြည့်ချင်တဲ့ video ကို ဖွင့်လိုက်ပါ။
  • - ညာဘက်အပေါ်ထောင့်က အပျောက်သုံးပျောက်(Menu) ကိုနှိပ်ပါ။
  • -analyze this page ကို နှိပ်လိုက်ပါ။ ဒါဆိုရင် web ပေါ်က video ကိုစတင်ပြီး ရှာဖွေရေး လုပ်ပါလိမ့်မယ်။
  • - အပျောက်သုံးပျောက် (Menu) ကို ပြန်နှိပ်ပါ။ Download list ကို နှိပ်ပါ။
  • analyze လုပ်နေတာ မြင်ရပါလိမ့်မယ်။ analyze လုပ်ပြီးသွားရင်တော့video ကို သူ့အလိုလို download ဆွဲသွားမှာဖြစ်ပါတယ်။
  • - download ဆွဲပြီးသား video တွေကို sd card အောက်က
  • -download ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။
 
 
အားလုံးအဆင်ပြေပါစေ.....။                                          မိုးဇက်

Team Viewer (for andriod)


andriod ဖုန်းအတွက် team viewer သုံးချင်တဲ့သူငယ်ချင်းတွေအတွက် team viewer for andriod ကို တင်ပေးလိုက်ပါတယ်...။အားလုံးလည်းသိပြီးသားဖြစ်မှာပါ  team viewer ကပါလည်းဆိုတာ ကိုကဆရာကြီး ဆိုပါစို့ သူငယ်ချင်းတယောက်က အကူညီတောင်းလာရင် သူ့ရဲ့ computer ကိုပြင်ခိုင်းရင်(သူငယ်ချင်းရဲ့ computer ကို ၀င်မွှေချင်ရင်) မိမိအပြင်မှာရှိနေရင် ဒီကောင်လေး မိမိ phone မှာရှိနေရင် အဆင်ပြေမှာပါ.... .ချရာကြီးလုပ်ချင်သူတွေ ယူသွားကြပါဗျာ.. ....
Download.Teamwiewer.apk
အားလုံအဆင်ပြေပါစေ....။   

AES Camera Detector (for andriod) လျှိုဝှက်ကင်မရာဖြင့် အရိုက်မခံရရန် ကူညီပေးတဲ့ကောင်လေး

လွန်ခဲ့တဲ့ ၂၀၁၂ September တုန်းကပေါ့ ချစ်သူလေးနဲ့ အတူတူ လည်ရင်း Youtube Video တစ်ခုကြည့်ခဲ့ကြတယ်
Love Scence လေးပေါ့ ကောင်လေးနဲ့ ကောင်မလေး နမ်းနေကြတယ် နမ်းရင်း နမ်းရင်း …………..(ဆက်သာဖြည့်တွေးလိုက်ကြပါတော့)

မကြာပါဘူး ဖျန်းဖျန်းဖျန်းဆိုပြီး ပါးကြီး ၃ချက်ဆင့် ပိတ်ရိုက်တယ် ကောင်မလေးက ကောင်လေးကို ဘာကြောင့်ပါလိမ့်ပေါ့..ဘယ်ဟုတ်မလဲ ကောင်မလေးဖုန်းက အသံတွေထမြည်တာ
ဘာလို့ မြည်တာတုန်း??
မြည်မှာပေါ့ ကောင်လေးက အခန်းထဲမှာ ကင်မရာခိုးတပ်ပြီးသူတို့  Love Scence လေးကို လျို့ဝှက်ရိုက်ကူးရေးလုပ်နေတာ အဲဒါကို ကောင်မလေးဖုန်းထဲမှာ ထည့်ထားတဲ့ Software လေးက ထောက်လှမ်းမိပြီးအချက်ပြလိုက်တာပေါ့ဗျာ…
ကဲကိုယ့်ချစ်သူနဲ့လွတ်လွတ်လပ်လပ်ကဲချင်သူများ…မိသားစုနဲ့အတူတူခရီးထွက်လည်ရင်းဟော်တယ်မှာတည်းတဲ့အခါ ကင်မရာရန်ကြောက်သူများ..Shopping Center တွေမှာ Fitting Room မှာ ၀တ်အစားလဲတဲ့အခါ ကင်မရာရန်ကြောက်သူများ..ဒီဆောဝဲလေးနဲ့ အသုံးပြုကြည့်ပါ....။
စိတ်ဝင်စားရင်အောက်မှာဒေါင်းသွားလိုက်ပါ...။

အားလုံအဆင်ပြေပါစေ....။   
                                                                                        မူရင်း.......သီချင်းများဥယျာဉ်