Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts

Sunday, 1 December 2013

Mobile Phone မှတစ်ဆင့် Internet မလိုအပ်ဘဲ Offline အနေနဲ့မိမိ Facebook Wall ပေါ်သို့ Status များတင်လို့ရနေပါပြီ။(Only Myanmar)


အခု ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တဲ့ နည်းပညာဆိုင်ရာ Post လေးကတော့ ကျွန်တော်တို့ Mobile Phone(Smart Phone) ထဲကနေ မိမိ Facebook Wall ပေါ်ကို မိမိတင်ချင်တဲ့ စာသားတွေ Status တွေကို Internet မလိုအပ်ဘဲ Offline အနေနဲ့ SMS  စနစ်ကိုအသုံးပြုပြီး တင်ချင်တဲ့ သူတွေအတွက် MMstatus(Myanmar Status) ဆိုတဲ့ Mobile Service တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Mobile Service ကို ဘယ်လို အသုံးပြုရတယ်။ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် လေ့လာထားသလောက်လေး ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ရှင်းပြပါ့မယ်ဗျာ။အဲ့ဒီ MMstatus SMS စနစ်သုံး Mobile Service ကိုစတင်လိုက်တဲ့ Company ကတော့ M188 Mobile Application Services Center မှ March မတ်လ 12 ရက်နေ့မှာ စတင်ကာ ဖန်တီးပြုလုပ်လိုက်တာ ဖြစ်ပါတယ်။မိမိတို့ Mobile Phone ကနေတစ်ဆင့် Offline အနေနဲ့ မိမိ Facebook Account ပေါ်သို့ တင်လိုသော Status များကို ဘယ်နေရာ၊ ဘယ်အချိန် မိမိစိတ်ကြိုက်တင်နိုင်မည်ဖြစ်ပြီး SMS (18880) သို့ မိမိတင်လိုသောစာသားများကို ပေးပို့ပြီး အလွယ်တကူ Offline မှနေ Update ပြုလုပ်ပေးနိုင်ပါတယ်။SMS ပေးပို့ပြီး မိမိရဲ့ Facebook Status တင်တဲ့ အခါမှာလဲ SMS Server အနေနဲ့ပေးပို့သူရဲ့ Password ကို Save မှတ်ထားမှာ မဟုတ်ပါဘူး။ဒီ စနစ်မှာအသုံးပြုရာတွင်လဲ အတွက် Mobile Phone ဘယ်ဖုန်းမဆို အသုံးပြုလို့ရပါတယ်လို့ M188 Mobile Application Services Center မှ Assistabt Manger ကိုရဲမြတ်အောင် က ပြောပါတယ်။Facebook မှ Notification များကိုလည်း SMS စနစ်ဖြင့် အခမဲ့ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ဒီ SMS စနစ်သုံး MMStatus ၀န်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ Mobile Phone ထဲမှာ ထည့်သွင်းထားတဲ့ Phone Bill ထဲကမှ တစ်ရက်ကို 35 ကျပ်နှုတ်မှာ ဖြစ်ပါတယ်။အခု လက်ရှိအချိန်မှာတော့ MMstatus ကို အခမဲ့ တစ်လ အသုံးပြုခွင့်ပေးထားပါတယ်။SMS စနစ်သုံး MMstatus(Myanmar Status) နဲ့ပတ်သတ်ပြီး အချက်အလက်နဲ့ မေးခွန်းတွေကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။


Compatibility

မေး ဘယ်ဖုန်းတွေက mmStatus သုံးလို့ မလဲ
ဖြေ ဘယ်ဖုန်းအမျိုးစားမဆို SMS ပို့နိုင်/လက်ခံ နိုင်တယ်ဆိုရင် mmStatus ကို အသုံးပြုလို့ရပါတယ်။


မေး Smart Phone ရှိနေပြီးသားဆို ဘာလို့ ဒီ service ကို သုံးမှာလဲ
ဖြေ mmStatus ဟာ SMS ကိုပဲ အသုံးပြုတဲ့အတွက် အင်တာနက် မရှိတဲ့နေရာတွေမှာလဲ အသုံးပြု နိုင်ပါတယ်။ နောက်ပြီး notification တွေအတွက် အ၀င် SMS က အခမဲ့ဖြစ်ပါတယ်။



Pricing

မေး အသုံးပြုခက ဘယ်လောက်လဲ? ပို့သမျှ SMS ခတွေကို ပေးရမှာလား
ဖြေ
Service အသုံးပြုခက တစ်နေ့ကို ၃၅ ကျပ်ပါ။ တစ်နေ့ကို ကြိုက်သလောက် mmStatus update တွေ တင်ခွင့်ရှိပါတယ်။ ဖုန်းပေါ်ကနေ ပို့ခကတော့ မြန်မာ့ဆက်သွယ်ရေးက သတ်မှတ် ထားတဲ့ နှုန်းထား အတိုင်း မြန်မာ့ဆက်သွယ်ရေးက ကောက်ခံပါလိမ့်မယ်။ Notification တွေအတွက် အ၀င် SMS ကတော့ အခမဲ့ဖြစ်ပါတယ်။


မေး ဘယ်လို ပုံစံမျိုးနဲ့ အသုံးပြုခ ကောက်မှာလဲ
ဖြေ အသုံးပြုသူရဲ့ ဖုန်းထဲက credit ကို နေ့စဉ် ၃၅ ကျပ်စီ ဖြတ်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ အသုံးမပြု ချင်တော့ရင် 18880 ကို STOP MMFB ဆိုပြီး ပို့လိုက်ပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။


မေး Service ကို ယူထားပြီး mmStatus ကနေတဆင့် Facebook Status ကို update မလုပ်ရင်လဲ အသုံးပြုခ ကောက်မှာလား
ဖြေ ဟုတ်ကဲ့။ တစ်နေ့ကို ၃၅ ကျပ်နှုန်းနဲ့ ပုံမှန်ကောက်ခံသွားမှာပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။



Error

မေး Service ကို ယူထားပြီးပါပြီ ဒါပေမယ့် SMS တစ်စောင်မှ ၀င်မလာဘူး။ ဘာကြောင့်လဲ
ဖြေ
အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေး တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ အသုံးပြုသူရဲ့ ဖုန်း SMS ဟာ ပြည့်နေတဲ့အတွက် SMS အသစ်တွေ မ၀င်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။



Security

မေး “Cannot register due to security issue” ဆိုတဲ့ SMS ၀င်လာပါတယ်။ ဘာလုပ်ရမလဲ
ဖြေ အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေးတာကြာင့် ဖြစ်နိုင်ပါတယ်။ သင့်ရဲ့  Facebook account ကို ဒီ page မှတဆင့် ဒါမှမဟုတ် မိုဘိုင်းဖုန်းအတွက် www.mmstatus.com/wap မှတဆင့် ၀င်လိုက်ပါ။ သင်ရဲ့ login အချက်အလက်တွေကို ဖြည့်ပြီးတဲ့ အခါမှာ ပြထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်လိုက်ပါ။  အကယ်လို့ ဖုန်းမှတဆင့် အကူအညီ လိုအပ်ပါက 012399188 သို့ ဆက်သွယ်နိုင်ပါတယ်။



How to’s

မေး mmStatus နဲ့ Facebook account ကို register လုပ်ပြီးသွားပါပြီ။ အခု status ကို ဘယ်လိုမျိုးတင်ရမလဲ
ဖြေ 18880 ကို SMS ပို့လိုက်ရုံပါပဲ။ ပေးပို့ရမယ့် ပုံစံကတော့ WALL လို့ရိုက်ပါ ပြီးရင် Space (နေရာလွတ်) တစ်ချက်ထားပါ၊ ပြီးရင် တင်ချင်တဲ့ စာသားကိုရေးပါ။ ပြီးတဲ့အခါမှာတော့ 18880 ကို ပို့လိုက်ပါ။ ဥပမာ WALL What a beautiful day လို့ 18880 ကိုပို့လိုက်ရင် သင့်ရဲ့ status ကို What a beautiful day လို့ mmStatus က တင်ပေးလိုက်မှာဖြစ်ပါတယ်။


မေး mmStatus service က Facebook မှာ Status တင်တာအပြင် တခြား ဘာ ၀န်ဆောင် မှုတွေ ပေးသေးလဲ
ဖြေ mmStatus က သင့်ရဲ့ Facebook အသိမိတ်ဆွေများရဲ့  News Feed ကို လဲ SMS မှတဆင့် သင့်ဆီကို ပို့ပေးနိုင်ပါတယ်။ အဲဒီ service ကို ယူချင်တယ်ဆိုရင် 18880 ကို FEED လို့စာရိုက်ပြီး ပို့ပေးလိုက်ပါ။



Help

မေး အခုအထိ mmStatus က ဘယ်လို အလုပ်လုပ်သလဲ နားမလည်သေးဘူး။ ကူညီပါဦး
ဖြေ mmStatus ရဲ့ Hotline ဖြစ်တဲ့ 012399188 ကိုဆက်ပြီး သင်တို့ သိလိုတဲ့ အကူအညီ များကို မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ mmStatus ရဲ့ Facebook Page နဲ့ www.mmstatus.com မှာ ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။

SMS စနစ်သုံး MMstatus(Myanmar Status) ရဲ့ အချက်အလက်တွေကို လေ့လာပြီး အသုံးချင်တယ်ဆိုရင်တော့........
MMstatus ရဲ့ Facebook Fan Page ဖြစ်တဲ့ ~ https://www.facebook.com/mmfstatus
MMstatus ရဲ့ Offical Web Page ဖြစ်တဲ့ ~ http://www.mmstatus.com တို့မှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ။
MMstatus ကိုအသုံးပြုသူ အနေဖြင့် Facebook ပေါ်တွင် Status များအား Update ပြုလုပ်ချင်ပါကမိမိ Mobile Phone များမှတစ်ဆင့် မိမိတင်လိုသော် Status ကို MMStatus Server (18880) သို့အရင်ဦးဆုံး SMS ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။MMstatus Server (18880)  မှာ မိမိပေးပို့လိုက်တဲ့ SMS ကိုလက်ခံရယူကာ Facebook ပေါ်သို့ Update တင်ပေးမှာဖြစ်ပါတယ်။အသုံးပြုခကတော့ တစ်နေ့ကို မြန်မာကျပ်ငွေ 35 ကျပ်တည်းဖြင့် မိမိ စိတ်ကြိုက် MMstatus ကို အသုံးပြုနိုင်ပါတယ်။ကျွန်တော်က ကြော်ငြာပေးသလို ဖြစ်သွားတယ်နော်။ထားပါတော့ဗျာ..။ဒီ SMS Service လေးက Internet မလိုလဲ အသုံးပြုလို့ရတာဖြစ်တာကြောင့် ကျွန်တော့ IT Bank စာဖတ်ပရိတ်တွေထဲက မြန်မာနိုင်ငံမှာနေထိုင်တဲ့ Mobile Phone အသုံးပြုသူတွေအားလုံးအတွက် ပျော်စရာသတင်းကောင်းလေး ပါးလိုက်ပါတယ်ဗျာ။

 အားလုံးအဆင်ပြေပါစေ.......။
ref ;  http://welcometoitbank.blogspot.com/2013/03/mobile-phone-internet-offline-facebook.html

Thursday, 28 November 2013

အခုမှ computer စလေ့လာသူများအတွက် Keyboard Shortcuts အလွတ်မရသေးတဲ့သူတွေအတွက် ဆောင်ထားသင့်တဲ့စာအုပ်လေးပါ။။


အားလုံးအဆင်ပြေပါစေ.......။

Wise PC 1stAid 1.33.53 (ကွန်ပြူတာ ဖွင့်စမှာ အရမ်းနှေးပြီး ဘာမှနှိပ်မရပဲ ငြိမ်ငြိမ် သွားတဲ့သူငယ်ချင်းတွေ ဒီဆောဝဲလေးသုံးကြည့်ပါ)

ကျနော် ဒီနေ့ပဲ ဆော့ဝဲလ်ရှာရင်းနဲ့ ဒီကောင်လေး သွားတွေ့တယ်။ စမ်းသုံးကြည့်တာ တကယ်ပဲ လန်း တယ်ဗျာ။ လုံးဝကို သိသာသွားတယ်။ ကွန်ပြူတာ ဖွင့်စ မှာ စောင့်နေရတာ နဂိုကတည်းက စိတ်က သိပ်မရှည်တာနဲ့ ဟိုနှိပ်ဒီနှိပ်နဲ့ လုံးဝငြိမ်သွားတာတွေလည်း ကြုံ တာ မနဲ့တော့ဘူး။ StartUp Manager မှာလည်း သွားပိတ်လိုက်တာ ကုန်သလောက်ပဲ။
အခု ဒီနေ့ပဲ ဆိုဒ်တဆိုဒ်ကနေ Wise PC 1stAid ရဲ့ Feature တွေကို ရှင်းပြထားတာတွေ့လို့ စမ်းသုံးကြည့် လိုက်တာ တကယ်ပဲ အကြိုက်တွေ့သွား တယ်ဗျာ။ မြန်လာတာ အရမ်းကို သိသာသွား တယ်။ ဖိုင်ဆိုဒ် ကလည်း သေးသေးလေး 3MB ပဲ ရှိတယ်။ မူရင်း ဒီလင့်မှာ Feature အပြည့်စုံကို လေ့လာ နိုင်ပါတယ်။
စမ်းသုံးကြည့်ချင်တဲ့ သူငယ်ချင်းတွေ အောက်ကလင့် မှာ ဒေါင်းယူ လိုက်ပါ။

အားလုံးအဆင်ပြေပါစေ.......။

Thursday, 7 November 2013

CyberLink PowerDirector 10 Full Crack

ဗီဒီယိုတည်းဖြတ် ချင်သော သူငယ်ချင်းတွေအတွက် CyberLink PowerDirector 10 Full Crack လေး ပါ။ မိမိရိုက်ထားတဲ့ဗီဒီယိုတွေကို ဖြတ်တောက်ခြင်း ၊ ဆက်ခြင်း ၊ အလင်းအမှောင်.. effect ..စာတန်း ထည့်ခြင်း စတဲ့အရာတွေ ကိုစိတ်တိုင်းကျ လုပ်လို့ရတဲ့ အကောင်းဆုံး ဗီဒီယိုရုပ်သံ တည်းဖြတ်တဲ့ဆော့ဝဲတခုပါ။
Magic, Corel Video Editor ဆော့ဝဲတွေထက်ပိုပြည့်စုံပါတယ်။ full version သုံးလို့ရအောင် Crack ဖိုင် ပါတင်ပေးထား ပါတယ်။
လိုအပ်တဲ့သူများအောက်မှာဒေါင်းနိုင်ပါပြီး။။


 မှတ်ချက်။။ Simkey ဖိုင်ကို C\ Program Files\ CyberLink PowerDirector\ မှာ copy and paste လုပ်ပေးလိုက်ပါ။

အားလုံးအဆင်ပြေကြပါစေ။။။

Corel Videostudio Pro X6 + Keygen ( ဗီဒီယို တည်းဖြတ်တဲ့ ဆောဝဲလေးပါ )

Corel Videostudio Pro X6 ကတော့ Video တည်းဖြတ်သမားတွေအတွက် အရမ်း အသုံးဝင်မှာပါ။လုပ်ဆောင်ချက်တွေ အရမ်းကိုမြန်ပါတယ်။ အဆင့်မြင့် Video Editing ဆောဝဲ ဆိုလည်း မမှားပါဘူး။ Video တွေကိုဖြတ်ညှပ်ကတ် လုပ်တာ၊ Transition Effects ထည့်တာ၊ စာတန်းထိုးတာ၊ BackgroundMusic ထည့်တာ၊ Size လျှော့ချတာ၊ စတဲ့ လုပ်ဆောင်ချက်များစွာကို ပေါ့ပေါ့ပါးပါးနဲ့ လုပ်ဆောင်နိုင်ပါ တယ်။
ဖိုင်ဆိုဒ်က 1.31GB တောင်ဆိုတော့ ကျနော်ကိုယ်တိုင် Uplode တင်ဖို့အခက် ခဲဖြစ်နေပါ တယ်။ ဒေါင်းလင့် ကိုတော့ မူရင်း ကနေ သယ်လာထားပါတယ်။ Keygan ကိုတော့ တင်ပေး ထားပါတယ်။ ဆောဝဲလ် ကိုဒေါင်းပြီးရင် Keygan ထဲက Key ကိုထည့် ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။ Video တည်းဖြတ်လို့ ကောင်းပြီး တကယ်ပေါ့ပါး တဲ့ဆောဝဲလေးပါ။ အောက်ကလင့် မှာဒေါင်းယူနိုင်ပါပြီ။


အားလုံးအဆင်ပြေပါစေ.......။

Thursday, 13 June 2013

ုkeyboard ဖြင့် mouse အသုံးပြုနည်း

 



ကျွန်တော်တို့တွေ တစ်ခါတစ်ခါ PC သုံးနေရင်း mouse အလုပ်မလုပ်ပဲ ကြောင်သွားတာမျိုး ကြုံဖူးကြမှာပါ။ လုပ်နေတဲ့ အလုပ်ကလည်း mouse နဲ့မှသာ ပိုပြီးတော့ အဆင်ပြေမဲ့ဟာဖြစ်နေရင် စိတ်ညစ်ရပါတယ်။ ဒါပေမဲ့ စိတ်ညစ်ဖို့မလိုပါဘူး လက်ရှိစာရိုက်နေတဲ့ keyboard ကနေပြီး mouse ကိုထိန်းချုပ်နိုင်ပါတယ်။ Alt+Shift+NumLock ခလုပ်တွေကို နှိပ်လိုက်ပါ။ Mousekey dialogue box ပေါ်လာပါမယ်။ Ok နှိပ်ပါ။ ပြီးရင် numeric keypad ကို mouse အဖြစ် အလုပ်ပြီးတဲ့အထိ အသုံးပြုနိုင်ပါပြီ။ Windows versions တိုင်းလိုလိုမှာ ခုနည်းလမ်းလေးကို သုံးနိုင်ပါတယ်။key board ညာဘက် Arrow key ရှိ Number များကိုအသံုးပြုပါ။ 
အားလုံးအဆင်ပြေကြပါစေ....
။။။။။......မိုးဇက်.....။။။။။။
.နော်နော်က....  http://coffeecrazylay.blogspot.com ကမလာတာပါ

Friday, 7 June 2013

Memory Card, SD ကဒ်များမှ delete လုပ်မိသော Data များကို ပြန်လည် ရယူခြင်း



recoverကွန်ပျူတာမှာ မမျော်လင့်ပဲ ဖျက်လိုက်မိလို့ ပြောင်းဆုံးသွားတဲ့ Data , file တွေကိုယူဖို့ နည်းလမ်း မျှဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စာဖတ်သူတို့အသုံးပြုနေတဲ့ memory card, micro SD ကဒ်၊ ကင်မရာသုံး SD ကဒ်များအတွက် အချက်အလက်များ ပြန်ယူလို့ ရစေမယ့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
သီချင်း၊ ရုပ်ရှင်၊ ဓာတ်ပုံ၊ Application အစရှိသဖြင့် အားလုံးပြန် recovery ပြန်လုပ်လို့ ရပါတယ်။

၁။ အောက်ပါလခ့်တွင် ဒေါင်းလုခ်ဆွဲပါ။


၂။ Instll လုပ်ရပါမယ်။
၃။ Recover files box ပေါ်လာပြီး next ကိုနှိပ်ပါ။

၎။ Recycle Bin မှာ ပြန်ရှာတွေ့သလားလို့ မေးပါလိ့မယ်။ No, I did not find ဆိုတာကို ရွေးရပါမယ်။

၅။ မိမိ recover ပြန်လုပ်လိုတဲ့ memory ကဒ် / Pen drive ကို ထိုးပြီး ရွေးချယ်ရပါမယ်။

၆။ Dee surface scan ကို ရွေးပြီး Next နှိပ်ရပါမယ်။

၇။ Star Deep surface scan ကို click နှိပ်ပေးရပါမယ်။

၈။ မိမိ delete လုပ်ထားမိသမျှ သီချင်း၊ ဓာတ်ပုံ၊ အချက်အလက်၊ Application တို့ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ ပြန်လည်ရွေးချယ် recover လုပ်နိုင်ပြီ ဖြစ်ပါတယ်။

အားလုံးအဆင်ပြေပါစေ......။
 ref,,,,,သီချင်းများဥယျယဉ်
။။။။။။။။..........မိုးဇက်........။။။။။။။။

Adobe Flash Player 11.7.700.202

အင်တာနက်ကဗီဒီယိုတွေကိုကြည့်တဲ့အခါ..ဘယ် Browser ကိုဘဲသုံးသုံး Flash Player
Plusin မရှိရင်ကြည့်လို့မရပါဘူး။Flash Player ရှိရင်လဲ update မဖြစ်ရင်ဗီဒီယိုကြည့်တဲ့
အခါ အခက်အခဲရှိတတ်ပါတယ်။အဲလိုမဖြစ်အောင်နဲ့လိုချင်ရက်ဒေါင်းလုပ်မရှာတတ်သူတွေ
အတွက်နောက်ဆုံးထွက်ဗားရှင်းကိုတင်ပေးလိုက်ပါတယ်။
Adobe Flash Player 11.7.700.202( IE)
Adobe Flash Player 11.7.700.202( Non IE) Other Browser ၂-မျိုးလုံးကိုပေါင်းပြီးတင်
ပေးလိုက်ပါတယ်။RAR ဖိုင်ကို Extract လုပ်ပြီးတခုချင်းစီ အင်စတောလုပ်ပါ။င်္
File Size=32.9 Mb
OS       =Win All
>>>>>Download Now<<<<<  
 
အားလုံးအဆင်ပြေပါစေ......။
ref......သီချင်းများဥယျာဉ်
။။။။။။။......မိုးဇက်.......။။။။။။။။