Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Saturday, 23 March 2013

အဝေးရောက် ချစ်သူ(သို့) တမ်းခြင်း

~* အဝေးရောက် ချစ်သူ(သို့) တမ်းခြင်း*~ နဖူးလေး ခပ်ဖွဖွ နမ်းရင်း မင်းငါ့ကိုပြောဖူးတယ်နော် ခင် သိပ့်ချစ်တယ် ကိုယ်တဲ့ ငါ့မှတော့လေ ခုထိပါပဲ မင်းရဲ့နှစ်သိပ့်အနမ်းတွေကြား ရူးသွတ်နေဆဲပါလေ တစ်ချိန်မှာ ဝေးရမှန်းသိရင် ငါလေ ဘယ်တော့မှ ..... အဲ့ဒီအနမ်းတွေ မခံယူတော့ဘူး အခုတော့ ... အလွမ်းတွေနဲ့ရင်ဘတ်အောင့်နေတယ် ခံစားချက်တွေ ဖွင့်တုတ်တော့မယ် မင်းကတစ်နယ်စီမှာပေါ့ ငါ့ကိုယ်ငါ အပြစ်တင်ရင်း ကံကြမ္မာကို ရိုးမယ်ဖွဲ့ လိုက်ပြီ တစ်နယ်စီဝေးနေလည်း ... မင်းအတွက်...

Wednesday, 13 February 2013

မငိုနဲ့တော့ ချစ်သူ

  ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?အဖြေကို ရှာမတွေ့ခင်မှာပဲ -- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....ဒီလိုပါပဲ ...ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -- ငါ့ရင်ဘက်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -- ချစ်သူ ခမျာမှာလည်းမိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...မငိုပါနဲ့ ...မငိုနဲ့တော့ ချစ်သူရေ ...နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ ............... ...... ..........ချစ်သူကို ချော့တဲ့ ငါ့အားပေးစကားတွေကဘာကြောင့်များ...

Tuesday, 5 February 2013

မိုးရွာတဲ့အခါ

(အတိတ် - ၁) ကလေးအရွယ် ငယ်ငယ်တုန်းက မိုးတွေရွာတဲ့အခါ … အိမ်ရှေ့တံခါးပေါက်ဝမှာ ကြိမ်ခုံပုလေးနဲ့ ထိုင်ပြီး အပြင်ဘက်က မိုးစက်တွေကို တငေးတမော ကြည့်လို့နေခဲ့ဖူးတယ်။ မိုးစက်တွေက တည့်တည့်ကျတဲ့အခါကျ၊ ဘယ်ဘက်စောင်းစောင်း ကျတဲ့အခါ ကျ၊ ညဘက်စောင်းစောင်း ကျတဲ့အခါကျ၊ အဲဒီ မိုးစက်လေးတွေ သိပ်လှတယ်။ မိုးဖွဲဖွဲမှုန်မှုန်လေးတွေ မျက်နှာကို လာထိတဲ့အခါ …အေးမြမြ အတွေ့ကြောင့် သဘောတကျ ဖြစ်ခဲ့ရဖူးတယ်။ ညဘက် အိပ်နေရင်း မိုးတွေအရမ်းသဲသဲမဲမဲ ရွာလာရင် နိုးလာပြီး ကြောက်သလို လို အားငယ်သလိုလို...