Tuesday 23 April 2013

Sony ဖုန်းဖြင့် Internet ချိတ်ခြင်း

Sony Ericsson ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။
ဒီကောင်လေးကို easytether   ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။
ဒီကောင်လေးကိုတော  easytether  မိမိကွန်ပျူတာတွင် Installl လုပ်ပါ။
ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။
  ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။
  Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။ 

Frontline Commando D-Day (andriod game)

 
 Frontline Commando D-Day ဂိန်းလေးကတော့ စွန့်စားခန်းတွေ နဲ့စစ်တိုက်ရတဲ့ ဂိန်းလေးပါ ဖိုင်ဆိုက်က နဲနဲ ကြီးတယ်ဗျ Frontline Commando D-Day.apk  ပဲ 15 MB ရှိတယ် data ကတော့ 274MB ရှိပါတယ်  apk ဖိုင်ကို အင်စတောပြီးရင် data ဒေါင်းဖို့ပြလာရင် data ကိုဆက်ဒေါင်းလိုက်ပါ...။ ပြီးရင်ဆော့လို့ရပါပြီ....။ကျနော် data ကို မတင်ပေးတော့ဘူးနော်...။
apk ဖိုင်ကိုတော့ အောက်မှာဒေါင်းလိုက်ပါ.......။

Screenshots of the Frontline Commando D-Day for Android tablet, phone.
Screenshots of the Frontline Commando D-Day for Android tablet, phone.
Screenshots of the Frontline Commando D-Day for Android tablet, phone.
Screenshots of the Frontline Commando D-Day for Android tablet, phone.
Frontline Commando D-Day (andriod game)

အောက်မှာ Demo vioeo ဖိုင်လေးပါတင်ထားပေးပါတယ်...နမူနာ ကြည့်ကြည့်ပါ....။
 
အားလုံးအဆင်ပြေပါစေ.....။

Asphalt 7: Heat (for andriod game)



Asphalt 7: Heat (for andriod game) အသစ်ထွက်လေးပါ....။ကားမောင်းပြိုင် ၀ါဒနာပါသူတွေ အတွက် အရမ်းဆော့ကောင်းတဲ့ဂိန်းလေးပါ ...။အရမ်းရုပ်ထွက်ကောင်းပါတယ် ဖိုင်ဆိုက်ကလည်းကြီးပါတယ် apk ကိုဒေါင်းပြီး ဖုန်းတွင် install ပါ.။ ပြီးရင် data  ဒေါင်းဖို့ပြ  လာရင် ဆက်ဒေါင်း  လိုက်ပါ....။ပြီးရင်တော့ ဆော့လို့ရပါပြီ...။အရမ်းလန်းတယ် နော်  ကျနော်အရမ်းကြိုက်တဲ့ ဂိန်းလေးပါ....။ဖိုင်ဆိုက်က apk က 9MB ကျော်  data ကတော့ 1GB နီးပါး ရှိပါတယ်....။play store မှာဆို ပိုက်ပိုက်ပေးရတယ်နော် ...။ကျနော့်ဆိုက်မှာ free ဒေါင်းလို့ရပါတယ်...။

Screenshots of the Asphalt 7 Heat for Android tablet, phone.
Screenshots of the Asphalt 7 Heat for Android tablet, phone.
Screenshots of the Asphalt 7 Heat for Android tablet, phone.
Screenshots of the Asphalt 7 Heat for Android tablet, phone.
Screenshots of the Asphalt 7 Heat for Android tablet, phone. 
 
 Asphalt 7: Heat (for andriod game)
 
 

 
အောက်မှာ Demo vioeo ဖိုင်လေးပါတင်ထားပေးပါတယ်...နမူနာ ကြည့်ကြည့်ပါ....။
 
အားလုံးအဆင်ပြေပါစေ.....။

ImTOO Video Converter Ultimate.v7+serial key


 
စာဖတ်သူ သူငယ်ချင်း များကို  ImTOO.Video.Converter.Ultimate နဲ့ မိတ် ဆက်ပေး ချင်ပါတယ်.။ဒီကောင်လေးကတော့ AVI, MPEG, WMV, DivX, MP4, MPEG-4 AVC, RM, MOV, MKV, 3GP, FLV ,SWF အစရှိတဲ့ ဖိုင်တွေကနေ အားလုံးပြန် convert လို့ရပါတယ်..။ အထူးသဖြင့် ကျနော်တို့ လို flash song ဖန်တီးနေတဲ့ သူတွေဆို SWF ဖိုင်ကနေ MP4 Video ဖိုင်ဖြစ်အောင် convert လို့ရပါတယ်...။
ကျနော် SWF to Video converter ဆောဝဲတွေ စမ်းသုံးနေတာ တော်တော် များပြီ တချို့ ဆောဝဲတွေက အသံလာတဲ့ စက်မှ အသံလာတယ် တချို့စက်တွေက အသံထွက်မလာတော့ဘူး  SWF to Video converter တော်တော်များများကာ converter လုပ်ပြီးအရုပ်ပဲလာတယ် အသံက မလာတော့ဘူး....။အဲလို ဖြစ်နေတဲ့သူငယ်ချင်းတွေ လည်း အခု ဒီဆောဝဲလေးနဲ့အဆင်ပြေနိုင်ပါတယ်....။
တော်တော်လေးလည်းလန်းတယ် ရုပ်သံ တွေလည်းတော်တော်ရှင်းပါတယ်...။full version သုံးလို့ရအောင် resgister code ပါ ပေးထားတယ်နော်.....။
လိုချင်တဲ့သူ အောက်မှာ စိတ်ကြိုက် ဒေါင်းနိုင်ပါပြီဗျာ......။

 

 


အားလုံးအဆင်ပြေပါစေ.....။        

Window XP Mod Launcher (for andriod phone)



andriod ဖုန်းဆောဝဲ တွေ တမျိုးပြီးတမျိုး သစ်ဆန်းလာသည်နှင့် တပြိုင်နက် Window XP Mod Launcher လေးလည်း andriod ဖုန်းတွေအတွက် လာပါပြီဗျာ...။အခုလက်ရှိပုံစံလေးကိုသုံးရတာရိုးနေပြီ ဆိုတဲ့ သူတွေအတွက် Window XP ပုံစံ luancher လေးတွေ့တာနဲ့ တင်ပေးလိုက်တာပါ ...။ ဖုန်းလေးက ဖလန်းဖလန်းဖြစ်သွား မှာသေချာပဲ window XP အသံလေးပါ ဖုန်းဖွင့်ရင်မြည်လာတာဗျ ကျနော်တော့ ကြိုက်သွားတယ်...။လက်ရှိလည်းသုံးနေပါတယ် ..။ window xp ပံစံလေးသုံးရတာပေါ့...။
လိုချင်သော သူငယ်ချင်းများ အောက်မှာစိတ် ကြိုက်ဒေါင်းနိုင်ပါပြီဗျာ.....။
 

  
Window XP Mod Launcher screenshot
 


 
  
အားလုံးအဆင်ပြေပါစေ.....။

window 7 launcher (for andriod phone)




window 7 launcher လေးက လန်းပုံလေးကတော့ ပုံမှာ တွေ့တဲ့ အတိုင်းပါပဲ ...။ကလိရင်းနဲ့ window 7 launcher လေးကိုတွေ့တာနဲ့ ကျနော်ပြန်ရှယ် ပေးလိုက်ပါတယ် ပုံစံ အသစ် တမျိုး သုံးရတာပေါ့...။အရမ်းလန်းတဲ့ ပုံစံလေးနဲ့ မိမိဖုန်းလေး ဖလန်းဖလန်း ဖြစ်ချင်တယ်ဆိုရင် ဒေါင်းပြီးသုံးစမ်းကြည့်လိုက်ပါ...။ကြိုက်သွားမှာအသေချာပဲ...။
လိုချင်သော သူငယ်ချင်းများ အောက်မှာစိတ် ကြိုက်ဒေါင်းနိုင်ပါပြီဗျာ.....။
 

   Window 7 Launcher screenshot


 
အားလုံးအဆင်ပြေပါစေ.....။

Fastone ScreenCapter + keygen


Fastone ScreenCapter ကတော့ အားလုံးလဲသိပြီးသားဖြစ်မှာပါ...။မိမိရဲ့ Dasktop Screen ကို video recording နဲ့ photo capter ဖမ်းလို့ရတဲ့ဆောဝဲလေးပါ ...။သုံးရတာ အရမ်းလွယ်ကူလို့ ကျနော် အထွေထူး မရှင်းပြတော့ဘူးနော်...။တောင်းထားတဲ့ သူငယ်ချင်းရှိလို့ ဆိုဒ်ပေါ်ကို တင်ပေးလိုက်တာပါ......။ အသုံးလိုတဲ့ သူငယ်ချင်းတွေလည်းယူသုံးလို့ရအောင် တင်ပေးလိုက်ပါတယ်....။Full Version သုံးလို့ရအောင် KeyGen ပါထည့်ပေးထားပါတယ်....။
ဆောဝဲကိုအောက်မှာဒေါင်းယူနိုင်ပါတယ်ဗျာ....။
 
 Fastone ScreenCapter screenshot
 
အားလုံးအဆင်ပြေပါစေ.....။

Monday 22 April 2013

Hard Drive တွေကို အလွယ်တကူ မပျက်စီးစေဖို့

 Hard drive ပျက်စီးခြင်းမှ
Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။
၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။

ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း


Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…

Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..

Worm
Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan Horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..
♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)

Spyware
သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်... 

Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ကိုဝင်းကမ္ဘာကျော်ဆိုဒ်မှ ပြန်လည်မျှဝေသည်.

ကွန်ပျူတာ လိမ်ရောင်းနည်း

http://itchegorkha.com/files/listings/222.jpg

ခေါင်းစဉ်မြင်လိုက်တော့ စိတ်ဝင်စားသွားမယ်ထင်ပါတယ်..ဒါပေမယ့် ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်တာပါ..ဘယ်လိုလဲဆိုတော့..အခုတိုးတက်လာတဲ့ခေတ်ကြီးမှာ လူတိုင်းနီးပါးက ကွန်ပျူတာ တွေ LapTop တွေ အစုံအလင်ကိုင်လာနိုင်ကြတယ်..တစ်ချို့က အသုံးလိုလို့ဝယ်တယ်..တစ်ချို့က ဂိမ်းဆော့ချင်လို့.တစ်ချို့က သူငယ်ချင်းတွေရှိရင်.ငါလဲရှိရမယ်ဆိုတဲ့ စိတ်..ဘယ်လို..ဘယ်လိုအကြောင်းတွေကြောင့်ဘဲဖြစ်ဖြစ်..အပြိုင်အဆိုင် ၀ယ်ယူလာကြပါပြီ..နားလည်တဲ့ သူရှိသလို..နားမလည်တဲ့သူတွေလဲရှိပါတယ်..ဒါကိုအခွင့်ကောင်းယူပြီး ရောင်းချသူအချို့က ကွန်ပျူတာ CPU ကိုလိမ်ပြီးရောင်းပါတယ်..ဘယ်လိုလိမ်လဲဆိုတော့ နဂိုက CPU P4 ကို.. Dual Core i5 ဆိုပြီး လိမ်ညာ ရောင်းချလိုက်တာမျိုးပါဘဲ..ကဲ..ဒီမှာတင်ဇာတ်လမ်းစပါပြီ..တစ်ချို့ဝယ်မယ့်သူတွေကလဲ i3, i5 စသဖြင့် အသံလေးကြားရုံနဲ့တင် ၀ယ်ဖို့ဆန္ဒပြင်းထန်နေကြပါပြီ..ဒီလိုသာ လိမ်ရောင်းတာခံလိုက်ရမယ် ဆိုရင် ကိုယ့်အတွက် တော်တော်ကြီးကိုနစ်နာသွားမှာပါ..ကဲ..ဒီတော့ ဘယ်လိုလိမ်သလဲဆိုတာကို ဆက်ပြောပါ့မယ်..အခုနည်းတင်ပေးတာက..အားလုံးဘဲ သတိပြုမိကြစေဖို့ပါ..ကွန်ပျူတာဝယ်ရင် ကွန်ပျူတာကိုသေချာကြည့်ပါ..ဥပမာ.မိမိက ကွန်ပျူတာ ၀ယ်မယ်ဆိုရင် ပိုက်ဆံရှိပြီဆိုတာနဲ့ ချက်ချင်း ဆိုင်ကိုပြေးမ၀ယ်ပါသေးနဲ့ဦး..အရင်ဆုံး ကိုယ်ဝယ်လိုတဲ့ ဆိုင်ကို အရင်သွားပါ..မိမိစိတ်ကြိုက်ကွန်ပျူတာကိုတွေ့ရင် Model နံပတ်နဲ့အရောင်အမျိုးအစားကို မှတ်သားပြီး..အင်တာနက်ပေါ်သို့တက်ပါ..ပြီးတာနဲ့ မိမိမှတ်သားလာတဲ့ မော်ဒယ်နံပတ်ကို အင်တာနက်မယ် ရိုက်ပြီးရှာကြည့်ပါ။ အရောင်တူနေတယ်..ပုံစံတူနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး..မတူဘူးဆိုရင်တော့ သတိထားဖို့အကြံပေးပါရစေ..



ကဲစာဖတ်သူရဲ့ ကွန်ပျူတာကို အခုအထိ မပေါ်သေးတဲ့ pentium 9 လုပ်ကြည့်မလား .... ဒါက သူငယ်ချင်းတွေကို အကြောင်ရိုက်ပြီးနောက်လို့ရပါတယ် .. ကိုယ့်ကွန်ပျူတာရဲ့ cpu ဟာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်ပေါ့ .. ဥပမာ .. pentium III ဆိုကြပါစို့ .. ကိုက သူငယ်ချင်းတစ်ယောက်ကိုရောင်းချင်တယ်ပေါ့ ... မျက်နှာပန်းလဲလှချင်တယ်ပေါ့ ... ဟဲဟဲ ချက်ချင်းကို အခုအချိန်အထိ မပေါ်သေးတဲ့ pentium 9 အထိကိုပါ ပြောင်းပစ်လိုက်လို့ရတယ် ... စမ်းကြည့်မလား .. ကျွန်တော် ဒီပို့စ်လေးကို ရေးတာ နားမလည်တဲ့ သူငယ်ချင်းများကို မိမိကွန်ပျူတာ လိမ်ရောင်းဖို့မဟုတ်ပါဘူး ... သူများလိမ်လာမှာကို ကိုက နားလည်အောင်လို့ပါ ...
start>> run>> ကိုသွားပြီး regedit လို့ ရိုက်ထည့်လိုက်ပါ ပြီးရင် enter ..
Hkey_loval_machine>> Haadware>> Description>> system>> Central Processor ကို သွားလိုက်ပါ ..
ပြီးလျှင် မိမိကွန်ပျူတာရဲ့ Processor Name string ကို နှိပ်ပြီး မိမိကြိုက်တဲ့ အမျိုးအစားကို ပြန်ပြင်ရိုက်လို့ရပါပြီး ..
မူရင်း..  http://mmithelper.blogspot.com/
           http://www.minsoeyarsar.com/