Tuesday 16 April 2013

Video Watermark Pro with serial key (video မှ မိမိလပ်စာနဲ့နာမည် ထည့်ချင်သူအတွက်)



Video Watermark Pro က သီချင်းတွေ ဗီဒီယိုတွေကို မိမိ လိုချင်တဲ့ စာထည့်လို့ရတဲ့ဆောဝဲ လေးပါ ..။ လိပ်စာထည့်ပြီးရင်လည်း ဖိုင် format အမျိုးမျိုး နဲ့ ပြန် ပြီး convert ထုတ်ပေးပါတယ် ..။ avi/mp4 အစရှိတဲ့ ဗီဒီယိုဖိုင်တွေ convert လုပ်ပေးပါတယ်...။ အခွေ ထုတ်ချင်သူတွေအတွက် တခါတည်း ဖောမတ် ပြောင်းပြီးသား ရတာပေါ့...။full version လေးဖြစ်အောင် serial key ပါထည့်ပေးထားပါ တယ်...။စိတ်ဝင်စားရင်အောက်မှာဒေါင်းသွားလိုက်ပါ...။

မှတ်ချက်း    ကီးမထည့်ခင် အင်တာနက်ကွန်နက်ရှင်ကိုခန ပိတ်ပြီးမှ ကီးထည့်ပါ..။

အားလုံးပဲအဆင်ပြေပါစေ....။

SONY XPERIA များအတွက် Root မလုပ်ဘဲ မြန်မာဖောင့်သွင်းနည်း

မင်္ဂလာပါ။
root မလုပ်ချင်သူများ အတွက် မြန်မာစာ အလွယ်တကူထည့်နိုင်ရန် ဒီပို့ လေးကိုရေးသားလိုက်ပါတယ်။
လောလောဆယ် လိုအပ်သော ဖိုင်များ ရှာဆဲ ဖြစ်နေလို့  ARC S အတွက် အရင် ရေးသားလိုက်ပါတယ်။ပထမဥဦးစွာ မိမိ တို့ ဖုန်းအား Firmware ( ICS 4.0.4) တင်ထားရပါမယ်။ မတင်ရသေးရင် အောက်ကလင့်မှာလေ့လာနိုင်ပါတယ်။
http://www.myanmarmobileapp.com/?p=14893
မိမိ တို့ ဖုန်းဟာ Bootloader Unlocked ဖြစ်နေရပါမယ်။မလုပ်ရသေးလျှင်အောက်ကလင့်မှာလေ့လာပါ။
http://www.myanmarmobileapp.com/?p=8005
ကဲ ဒီအဆင့်တွေ ရပီဆိုရင်တော့ ဒေါင်းကြတာပေါ့


  1. FASTBOOT
  2. KERNEL For (4.1.B.0.587)
  3. KERNEL For ( 4.1.B.0.431)
  4. FONT CHANGER

KERNEL FILE ကိုမိမိ တို့  Build Number နဲ့ ကိုက်တာ ဒေါင်းပါ။
FASTBOOT FOLDER ကို Rar ဖြည်ပါ။KERNEL(boot.img) ကို FASTBOOT Folder ထဲထည့်ပါ။
FONT CHANGER ကို zip မဖြည်ပဲ SD CARD ထဲ ထည့်ပါ။(Sd card ထဲရှိမည်သည့် ဖိုဒါအောက်တွင်မှထည့်မထားရ သီးခြားထားရှိရမည်)
ပြီးနောက် Fastboot ဖိုဒါ ထဲမှ FLASH.exe ဖိုင်ကို RUN လိုက်ပါ။
အောက်ပါအတိုင်းပေါ်နေပါက မိမိ ဖုန်းကို Power ပိတ်ပါ။ MENU KEY ကိုဖိထားပြီး ကွန်ပျူတာကို USB သုံးပြီးချိတ်ဆက်ပါ။


မီးလုံးအပြာလေးလင်းပြီး CMD ဆက်သွား ပါလိမ့်မယ့်။ထို့ နောက် Press any Key ဆိုတာလေး ပေါ်လာခဲ့ရင် Key တခုခုနှိပ်ကာ CMD ကို
ပိတ်ပါ။ဖုန်းကို USB တွဲထားခြင်းမှ ဖြုတ်ကာ POWER ဖွင့်လိုက်ပါ။လိုဂိုလေး စတက်လာ ကတည်းက BACK Key ကို နှိပ်လိုက်လွှတ်လိုက် လုပ်ပေးပါ
တုန်ခါမှုနဲ့ အတူ CWM လေးတက်လာပါလိမ့်မယ်။
CWM ထဲက Install Zip from sd card ထဲဝင်ပါChoose Zip from sd card ကိုရွေးပြီး Enter လုပ်ပါ။
SD CARD ထဲရောက်ရှိသွားပြီး KOMYOMMFONT.zip File ကို ရွေးကာ Enter လုပ်ပါ။apply install Ok လုပ်ပါ။
SUCCESSFULLY လို့ ပေါ်လာပြီးနောက် Back Key ဖြင့် Reboot Options ကိုပြန်သွားပါ ။ဖုန်းကို Reboot လုပ်ပါ ။
ပြန် တက်လာတဲ့အခါ မြန်မာစာ သွင်းပီးသားလေး တွေ့ ရမှာပါ။
အဆင်ပြေကြပါစေ

လေးလံနေတဲ့ Android ဖုန်းတွေကို Extreme Speed နဲ့ ရှင်းမယ်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVajh2RtWQAtfrxlhLbcEz_3htwEFVSl3fDOHsStHk7Sbtqu-uhXVCmis4Rdo8qcJtpuCJADgmLH7oqBeVXxe1AmMj8mJOw4EbnQnav4gUToW3X34T0QGc4Gh3PJqUihBA6o2o00sFlHqi/s1600/Extreme+Speed-02.jpg
လေးလံနေတဲ့ Android ဖုန်းတွေကို အထိရောက် ဆုံးနှင့်အကောင်းဆုံးပေါ့ပါးအောင် စွမ်းဆောင်ပေး မယ် Extreme Speed v1.1



မိမိတို့ရဲ့ Android စက်ရုပ်ဖုန်းလေးထဲမယ် ဖိုင်တွေ များနေလို့ဖြစ်စေ.. အခြားအသုံးမလိုတဲ့ Temp ဖိုင်တွေများနေလို့ဖြစ်စေ.. Memory ဟာလေးလံနေတတ်ပါတယ်..အဲလိုဖြစ်နေပြီဆိုရင် မိမိတို့ရဲ့ ဖုန်းလုပ်ဆောင်ချက်တွေဟာလဲ နှေးကွေးလာတတ်ပါတယ်..ဒါကို Android ဖုန်းအသုံးပြုသူအများစု ကြုံဖူးကြပါတယ်။ ဒီလိုလေးလံနေတဲ့ ဖုန်းတွေအတွက် လုံးဝကို ပေါ့ပါးသွားစေမယ် extreme speed v1.1 ဆိုတဲ့ Software လေးတင်ပေးလိုက်ပါတယ်။


Software မှာ Quick Boost နဲ့ Deep Clean ဆိုတာပါပါတယ်။ နှစ်ခုလုံးကို တစ်ပြိုင်နက် အသုံးပြုနိုင် ပါတယ်။ အကုန်လုံးကို Kill Processes လုပ်ပါ။ လုပ်ပြီးပြီဆိုတာနဲ့ Deep Clean ကိုထပ်မံ အသုံးပြုပါ.. အမှန်ခြစ်တွေကို မဖြုတ်ပါနဲ့..အားလုံးကို Clean လုပ်လိုက်ပါ။ပြီးတာနဲ့ မိမိရဲ့ဖုန်းကို ပါဝါ ပိတ်ပြီး ပြန် ဖွင့်ပေးလိုက်ပါ။ အရင်နဲ့မတူ  ပေါ့ပါးနေတာတွေ့ရပါလိမ့်မယ်ခင်ဗျာ ..အောက်မှာ ဒေါင်းလုပ်ရယူလိုက်ပါ။
 

မှတ်ချက်။     ။အချို့ Android ဖုန်းများသည် ဂိမ်းများအလွန်အကျွံထည့်သွင်းထားခြင်း ၊ Memory Card အတွင်း ဖိုင်များ နေရာလွတ်မကျန်လောက်အောင်ပြည့်နေခြင်း၊ Animation Wallpaper များ အလွန်အကျွံ တင်ထားခြင်း ၊ Virus ၀င်နေခြင်းတို့ကြောင့် လေးလံနေသည်များလည်းရှိပါတယ်..ဒါကြောင့် မိမိရဲ့ဖုန်းမှ လက်ခံနိုင်သော အတိုင်းအတာပမာဏကိုသာ ချင့်ချိန်ထည့်သွင်းခြင်း..မလိုအပ်သည့် ဖိုင်များ. ဂိမ်းများကို ဖျက်ပစ်ခြင်းဖြင့် မိမိ Android ဖုန်းပေါ့ပါးအောင် ပြုလုပ်ထားနိုင်ပါသည်ခင်ဗျာ....။

ထူးတဲ့သင်္ကြန် ၂ဝ၁၃



ထူးတဲ့သင်္ကြန် App For Android ကဲ မြန်မာပြည် ရဲ့ နံမည်ကြီး ကာတွန်းဆရာ ရဲ့  ဇာတ်ကောင်တွေ နဲ့ ပြုလုပ်ထားတဲ့ ထူးတဲ့သင်္ကြန် App ကို http://htoo.tgy13.com/ မှာ စတင် Download ရယူနိုင်ပါပြီ။

လောလောဆယ်တော့ Android အတွက် Download ရယူနိုင်မှာ ဖြစ်ပြီး iOS အတွက် ကတော့ မကြာခင် ထွက်ရှိလာပါတော့မယ်။
android အတွက်    download

ဖုန်း Android Appများ ကို ကွန်ပျူတာတွင် အသုံးပြုရန် နည်းလမ်း

Android ဖုန်းပေါ်က Application တွေကို Window ပေါ်မှာ အသုံးပြုနိုင်အောင် ထောက် ပံ့ပေး တဲ့ ဆောဖ့်ဝဲနဲ့ နည်းလမ်းပေါင်း မြောက် များစွာ ရှိပါတယ်။ ယင်းနည်းလမ်းပေါင်းမြောက် များစွာထဲက Android ကို PC ( Windows , Mac) များမှာ အသုံးပြုရန် လွယ်ကူသော နည်းလမ်း နဲ့ ဆောဖ့်ဝဲကို မျှဝေပေး လိုက်ရပါတယ်။

အောက်ဖော်ပြ ပါလင့်ကနေ Software ကို ဒေါင်းလုပ်ရပါမယ်။

Windows OS ကွန်ပျူတာသများက PC ဆိုတာကို ရွေးချယ်ပြီး Apple user များကတော့ Mac ကိုရွေး ချယ်ရမှာ ဖြစ်ပါတယ်။ Software ကို Download ဆွဲရန် App ကတော့ ယူတာမကြာပါဘူး။ သို့ပေမယ့် ယင်းဆော့ဖ်ဝဲကို Run လုပ်ပြီး Install လုပ်တာတော့ ကော်နက်ရှင်အထိုက်အလျာက်ကြာနိုင်ပါတယ်။ စာရေးသူကတော့ ၅ မိနစ်စောင့်လိုက်ရပါတယ်။

Install လုပ်ပြီးပြီဆိုရင်တော့ သာမန် Android ဖုန်းတစ်လုံးအသုံးပြုသလို အသုံးပြုလို့ ရပါပြီ။ ဥပမာ- Facebook အသုံးပြုခြင်း၊ Android Application များ ဒေါင်းလုခ်ဆွဲ အသုံးပြုခြင်း တို့လိုမျိုး ဖြစ်ပါတယ်။ Offline အသုံးပြုချင် သူများကတော့ App တွေကို တစ်ခါတည်းဒေါင်းလုခ် ဆွဲသွားရ ပါမယ်။

သူကအလကားပေးတဲ့ Software ဖြစ်တဲ့အတွက် တစ်ခါခါ ကြော်ငြာဝင်တာကလွဲလို့ သုံးရတာ အဆင်ပြေပါတယ်။ စာဖတ်သူတို့ စမ်းသုံးလို့ရအောင် မျှဝေပေးလိုက်ရပါတယ်။

စာဖတ်သူတို့ဆီမှာ ဒီထက်ပိုကောင်းတဲ့ ဆော့ဖ်ဝဲနှင့် နည်းလမ်းများ ရှိပါက မျှဝေပေးစေလိုပါသေး တယ်။

ဖုန်း(Phone) လော့ကျရင် မပူပါနဲ့ ....


မြန်မာလူမျိုးအများစုက ဖုန်းသာကိုင်တာ ပါ။ သေသေချာ ချာတော့မလေ့လာပါဖူး...

ဒါပေမယ့်လေ့လာလို့၇အောင် အလိမ်မခံ၇အောင် ဒါလေး တင်ပေးတာပါ။
 လက်တလောတော့ ဖုန်းအကြောင်းသိချင် သူတွေ မေးလို့၇ပါတယ်။ ကျနော်သိထား သလောက်တော့ပြောပြပါ မယ်။

အခုဖုန်းတွေမှာ ဖြစ်တက်တာက (ဖုန်းလော့နဲ့ (SIM)ကတ်လော့တွေမှားချမိတာပါ) အဲ့အတွက်တော့ မပူပါနဲ့တော့။

ကျနော်ရှင်းပြပါမယ်။ အစတုန်းကဆက်သွယ်ရေးကနေ ဖွင့်၇င်ပိုက်ဆံတောင်းပါတယ်။ တစ်ချို့ဆို ၅၀၀၀၀ လောက် ပေးရတယ်။ ဒါတွေမဖြစ်တော့ပေမယ့် သူတို့ကနောက်ထွက်တဲ့ (SIM)ကတ်တွေမှာ နံပတ်တွေပါမလာတော့ဖူး။

အ၇င်ဝယ်ထားတဲ့ဆင်းကတ်ရဲ့ (ချိုးတဲ့ကတ်အကြီးပေါ်မှာ)တွေမှာ နံပတ်လေးတွေပါတယ်။ အဲ့နံပတ်တွေ က(PUK-xxxxxxxxx)လို့ရေးထားတယ်။ အဲတာလေးတွေရိုက်လိုက်၇င်ပွင့်တယ်။ သူက၃ခါရိုက်၇တယ် ကိုယ်ကနံပတ် မမှတ်မိတော့၇င် ပထမတစ်ခါမှာ ၁၂၃၄၅ လို့ရိုက်လိုက်၇င် (PIN)ကနေ (PUK) လို့ ပြောင်း သွားပြီးမှ ၂ ခါနဲ့၃ ခါမြောက်ကျ၇င် (PUK) နံပတ်ကိုရိုက်လိုက် အဲတာဆိုဖုန်းပွင့်သွားလိမ့်မယ်။ ပြီးတော့မှ settting ထဲဝင်ပြီး (phone lock (or)security lock)ကိုဝင်ပြီး (SIM)(PIN 1)ကိုထပ် ၀င်ပြီးဖြေပေးပြီး(OFF)လိုက်မှ ပြီးတာနော်..။
 
ref: http://www.mmcfamily.org