Thursday 28 February 2013

မိုးဇက် site online/0ffline app andriod

မိုးဇက်ရဲ့ site ကလေးကို online/offline နဲ့ကြည့်ချင်သူများအတွက်
              andriod app
    ဒေါင်းပီး install လိုက်ရုံပါပဲ အောက်မှာ download links


 ကျနော်ကတော့ အရမ်းကြိုက်တယ် မိတ်ဆွေတို့စမ်းကြည်လိုက်နော်
     မိုးဇက်ရဲ့ app လေးလိုချင်ရင် ဒေါင်းလိုက်နော်

                                                       download link
အားလုံးအဆင်ပြေပါစေ''''''ဂျာာာာာာာာာာာ..................

Websit, Blog များကို APK လုပ်နည်း

online /offline မှာဖတ်လို့ရတဲ့ android app / APK
      လုပ်ရန်ဝါသနာတူ သူငယ်ချင်းတွေအတွက်+
ဝါသနာပါတဲ့သူငယ်ချင်းတွေစလိုက်ကြရအောင်
  ပထမဆုံး ဒီကိုလာ ခဲ့ပါ
ရောက်ပီးဆိုရင်
ပီးပီးဆိုရင်

firefox  (မော်ဇီလာ) ဘယ်ဘက်အပေါ်မှ Tools/Page Info ကိုကလစ်ပြီးရင်အောက်ကပုံလိုရောက်သွားပါမယ်  ....
feeds ကိုကလစ်ပြီး ကို့ဆိုက်ရဲ့ကြိုက်ရာလင့်ကိုကော်ပီပါ...(ကို့ဆိုက်ရဲ့ page မှာပဲလုပ်ရမှာနော်feeds ၀င်တာ)

ပြီးရင် feeds ကကော်ပီလင့်ကို  Rss/Atom Feeds(s) မှာ paste ချပေးပါ...။ကျန်တာတွေက ပုံကိုကြည့်ပြီးဆက်လုပ်သွားပါ


ပုံထဲးကအတိုင်း လိုက်ဖြည့်လိုက်နော်
စိတ်ကြိုက်ရွေးလိုက်နော်  ပုံက
ပီးပီးဆိုရင်..........
ပုံထဲးကအတိုင်းမပေးမှားပါနဲ့......
ဒါဆိုရင် ပီးပီးနော် မိမိထည့်ထားတဲ့ gmail ကိုဝင်ကြည့်လိုက်ပါ
တွေ့ရလိမ့်မယ် ဆောဝဲး ကိုဒေါင်းလိုက်ပေါ့....
အဆင်ပြေကြပါစေဗျာ

မတောက်တခေါက်နဲ့လုပ်ပီးတော့တင်ထားတာဆိုတော့ အမှားပါရင်...sorry...ဂျာာာာာာာာ
       ဒါကကျနော် မိုးဇက် အတွက်လုပ်ထားတာ

 ကျနော်ကတော့ အရမ်းကြိုက်တယ် မိတ်ဆွေတို့စမ်းကြည်လိုက်နော်
     မိုးဇက်ရဲ့ app လေးလိုချင်ရင် ဒေါင်းလိုက်နော်

                                                       download link
အားလုံးအဆင်ပြေပါစေ''''''ဂျာာာာာာာာာာာ..................

Wednesday 27 February 2013

အလွယ်တကူ Youtube Download ဆွဲနည်း (၂) (Using Mozilla Add-ons )

Mozilla Firefox သုံးတဲ့သူငယ်ချင်းတွေအတွက်
Youtube က video ကိုလွယ်ကူးစွာဒေါင်းလုပ်ဆွဲနိုင်ဖို့ လမ်းညွန်လေးတင်ပေးလိုက်ပါတယ်
အရင်တစ်ခါကျွန်တော်တင်တဲ့နည်းကတော့ IDM နဲ့ဒေါင်းနည်းလေးပါ သူကတော့
အားလုံးဘယ်ဆိုဒ်မဆိုဒေါင်းလို့ရပြီး ခု နည်းလေးကတော့ Youtube အတွက်သီးသန့် လေးပါ
Add-ons ကိုသုံးပြီး Youtube ကို MP4 Format နဲ့ ဒေါင်းရအောင်နော်
အောက်ကပုံလေးတွေကိုလေ့လာလိုက်ပါ
( မသိသေးတဲ့သူငယ်ချင်းတွေအတွက် မျှဝေပေးခြင်းဖြစ်သည် )
https://addons.mozilla.org/en-us/firefox/addon/mp4-downloader/ ကိုနှိပ်လိုက်ပါ အောက်က
ပုံမှာပြထားတဲ့နေရာကို ရောက်သွားပါ့မယ် ။ပုံမှာပြတဲ့အတိုင်း Add to firefox ကိုနှိပ်လိုက်ပါ ။
ပုံ ၁
ပုံ ၂
ပုံမှာပြတဲ့အတိုင်းလေး run နေတာလေးမြင်ရပါလေ့မယ်ခဏစောင့်နေပေးပါ

ပုံ ၃
ခဏနေရင် ပုံ ၃ မှာပြတဲ့အတိုင်း install ဆိုတာလေးပေါ်လာပါလေ့မယ် အဲဒါကိုနှိပ်ပေးပါ

ပုံ ၎
ပုံလေးမှာ ပြတဲ့အတိုင်း restart Now ဆိုတာလေးကို နှိပ်လိုက်ပါ
ဒါဆိုရင် auto restart ဖြစ်သွားမှာပါ ကွန်ပျူတာ မပိတ်ပါဘူး firefox ပဲ ပိတ်ပြီးတော့ auto ပြန်ပွင့်လာတာပါ။

ပုံ ၅
Youtube ကိုဖွင့်ပြီး မိမိ ဒေါင်းချင်တဲ့ video ကိုဖွင့်ပါ video အောက်ခြေမှာ
Download ဆိုတဲ့ ခလုတ်လေးအပိုပါတာကိုတွေ့ရပါလေ့မယ် အဲကနေဒေါင်းလို့ရပါပြီ
နောက်တစ်နည်းက ကိုယ်ဒေါင်းချင်တဲ့ Video စာမျက်နှာမှာ right click နှိပ်ပြီး
Download Video as Mp4 ဆိုတာလေးကိုနှိပ်ပြီးလည်းဒေါင်းလို့ရပါသည်။
အားလုံးပဲ အဆင်ပြေပါစေ
                                                                                                                 မူရင်း..ကိုဖြိုး

သူငယ်ချင်းတွေကို မိမိပုံလေးတွေနဲ့ နာရီလက်ဆောင်ပေး၇အောင်

မိမိပုံလေး နဲ့ သူငယ်ချင်းတွေ အိမ်ကို
နာရီလက်ဆောင်ပေးချင်သူများအတွက်
                                                      
ဒီနေရာလေးကိုသွားလိုက်ပါ
       
       
လုပ်ပုံလုပ်နည်းလေးကတော့
             အောက်ကပုံစံအတိုင်းပေါ့
  ရောက်ရောက်ချင်း open ကိုကလင့်လိုက်ပါ
မိမိထည့်မည့်ပုံကိုရွေးပေးပါ
open ကိုကလင့်လိုက်ပါ
      ခဏစောင့်ပေါ့   တွေ့ရလိမ်မယ် အောက်ကပုံအတိုင်း
code ကိုကလင့်လိုက်ပါ  ထွက်လာတဲ့ html ကို copy ယူလိုက်


                                    ပီးပီးလေ ...ပါလုပ်နေတာလည်း
  အဆင်ပြေပါစေ...

မော်ဒယ်နိမ့်သော andriod ဖုန်းအတွက် Gtalk Voice and Video Call

 သူငယ်ချင်းများကိုနည်းတခုပြောပြချင်ပါတယ် အခုကျနော်တို့ ဖုန်းတွင်အများဆုံးသုံးနေကြတဲ့Gtalk ဆိုတာပါပဲ..။မော်ဒယ်နိမ့်သောဖုန်းတွေမှာ Gtalkကို ရိုးရိုးချက်တင်လောက်ပဲရကြပါတယ် ။call ချင်ရင်တော့ Vtalk တို့ Nimbuzz တို့ဖုန်းထဲinstallရပါတယ်။Vtalk က Voice and Video call ရပေမဲ့ချက်တင်နဲ့တခါတည်းတွဲသုံးမရတဲ့အတွက် နဲနဲရှုပ်ရပါတယ်..။ဖုန်းကို rest setting လုပ်ရင်လည်းအဲကောင်တွေကပြုတ်ထွက်ပြီးပြန်အင်စစတောရပါတယယ်..။အခုကျနော်ပုံမှာပြတဲ့နည်းက ဘယ်တော့မှမပြောက်ထွက်တော့ဘူး...။sumsang ဖုန်း S2 ၀ယ်ရင် အပြီးပါလာတဲ့ Talk ပုံစံမျိုးပါ..။ကဲကျနော်တို့မော်ဒယ်နိမ့်တဲ့ galaxy W/Y/ACE/ACE Plus အစရှိတဲ့ဖုန်းတွင် လုပ်ကြရအောင်..။စိတ်ဝင်စားရင်အောက်ကပုံစံကိုကြည့်ပြီးလိုက်လုပ်ရအောင်..............။

အရင်ဆုံးမိမိဖုန်းကို root လုပ်ရပါမည်...။root နည်းကဖုန်းတလုံးနှင့်တလုံးမတူတဲ့အတွက် တခုချင်းလိုက်ပြီးကျနော်မရှင်းပြတော့ပါဘူး...။မလုပ်တတ်ရင် aung575@gmail.com နဲ့ zawmintan@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်.....။ကျနော်ကတော့ ကျနော်root ဖူးတဲ့ဖုန်းလောက်ဆို ကောင်းကောင်းရှင်းပြနိုင်ပါတယ်....။မိမိဖုန်းမော်ဒယ်နဲ့အွန်လိုင်းမှာရှာရင်လည်းအများ
ကြီးပါ..။ကဲပြောနေတာနဲ့စာများသွားပြီ...။root ပြီးရင်ကျနော်တို့စလုပ်ကြရအောင်....။အရင်ဆုံးအောက်
ကဆောဝဲ ၃ ခုကိုဒေါင်းရအောင်.....။
Root Explorer.apk
Talk 2.apk
libtalk _ini.so

ဒေါင်းပြီးရင်အရင်ဆုံးRootExplorerကိုinstallပါ...။ပြီးရင်ဆောဝဲကိုလန်းပြီးအာက်ကပုံကိုကြည့်ပြီးဆက်သွား
ရအောင်....။

အရင်ဆုံးမျှားပြထားတဲ့အတိုင်း system ကိုသွား...။မ၀င်ခင်အပေါ်က Mount R/W ကို နှိပ်လိုက်ပါ R/O ဖြစ်သွားပါမယ်...။
ကျနော်အတိုခေါက်ပဲရှင်းတော့မယ်နော်ရေးရတာစာများလို့...
system/app/ကိုဝင်ပြီးမျှားပြထားတဲ့ Talk.apk/Talk.cdex ကို delete လိုက်ပါ...။
ပြီးရင် ခုနကဒေါင်းထားတဲ့ Talk2.apk ကို system/app/ ထဲဝင်ပြီး paste ချလိုက်ပါ...။အပေါ်ကပုံလိုတွေ့မှာပါ...။
 နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့ libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။
နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့ libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။ပြီးရင်ဖုန်းကို restart ချလိုက်ပါ....။ကဲ...မျိုးကြီးသီချင်းလေးအော်ဆိုပေတော့.....။ဖုန်းပြန်ပွင့်လာရင် မိမိGtalkဟာ အပေါ်ဆုံးမှာပြထားတဲ့ပုံလို ဖြစ်သွားပါပြီ...။နီးစပ်ရာသို့အကောင့်ကိုခေါ်စမ်းကြည့်ပါ..Voice ရော Video call ပါရပြီ။....စာရေးရတာလည်းလက်ညောင်းပြီ......ေိေိ....:-p
အဆင်မပြေရင်ကျနော့်အားဆက်သွယ်မေးမြန်းနိုင်ပါသည်....။

မှတ်ချက်...။Talk 2.apk ကိုဘာမှမလုပ်ပဲ ဖုန်းတွင် ဒီအတိုင်းinstall မလုပ်ပါနှင့်..။သုံးမရပါ...။ 
                                                                                                                            မူရင်း.....http://wwwzawmintan.blogspot.com

Tuesday 26 February 2013

Desktop မှမြန်မာ font မရတော့လျှင် ဖြေရှင်းနည်း …

window xp မှာတော့
Desktop >> properties >> appearance >> advance >> icon ကိုနှိပ်ပြီး fonts ကို zawgyi-one ပြောင်းပေးလိုက်ပါ။
window 7 မှာတော့
Desktop >> rightclick >> personlize >> window colour ကိုသွားပါ။
ပြီးလျှင် Advanced appearance setting >> item မှာ icon ကိုရွေးပေးပြီး အောက်က font မှာ Zawgyi-one ကိုရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ မြန်မာလို ရိုက်လို့ရသလို မြန်မာလိုလဲ မြင်ရမှာဖြစ်ပါတယ်။


နောက်တနည်းက မြန်မာဖောင့်ကို reinstall ပြန်လုပ်ပြီး မိမိကွန်ပြူတာကို restart ချရင်လည်း အဆင်ပြေပါတယ်..။ ကိုစိတ်သန်သလိုပေါ့..။

အားလုံးပဲအဆင်ပြေပါစေ.။

Wednesday 13 February 2013

မငိုနဲ့တော့ ချစ်သူ

 

ပင်လယ်ရပ်ဝန်းမှာ တိုက်ခတ်ဖို့

မုန်တိုင်းကို ဘယ်သူဖိတ်ခေါ်ခဲ့တာလဲ ... ?

အဖြေကို ရှာမတွေ့ခင်မှာပဲ -

- အညာဒေသမှာ အသံမဲ့ မိုးတွေက ရွာ .....

ဒီလိုပါပဲ ...

ဝင်းမှည့်နေတဲ့ ဟာရီကိန်းတစ်ခုက -

- ငါ့ရင်ဘက်ပေါ်ကို တည့်တည့် မတ်မတ်ကြွေ အကျ -

- ချစ်သူ ခမျာမှာလည်း

မိုးဆွေနေတဲ့ မျက်ဝန်းတွေကို ဘယ်လိုကုသ ရမလဲ မသိရှာခဲ့ ...

မငိုပါနဲ့ ...

မငိုနဲ့တော့ ချစ်သူရေ ...

နောက်ဆိုရင် အနားမှာပဲ ရှိနေတော့မှာပါ .....

.......... ...... ..........

ချစ်သူကို ချော့တဲ့ ငါ့အားပေးစကားတွေက

ဘာကြောင့်များ ငိုသံတွေ စိုရွှဲနေရတာလဲ ... ?

ခလေးငယ် တစ်ယောက်ရယ် ...

မရေရာသေးတဲ့ အနာဂါတ်ကို

ခိုကိုးရာမဲ့ မျှော်ငေးနေမလား ... ?

သူမအတွက်တွေးပြီး

အကြိမ်ကြိမ်ကြေကွဲ ပါတယ် ..... ။

တစ်ခါတရံမှာ

အိုမာခရမ် နဲ့ တာရာမင်းဝေရဲ့ သဘောထားကွဲလွဲမှုလေးလို

သူမကို မြတ်နိုးခဲ့ပါတယ် .....

တစ်ခါတရံမှာတော့

အားလုံးနဲ့ သဘောထားကွဲလွဲလိုက်ချင်တယ်

အချစ် နဲ့ စစ် ဆိုတာ နှစ်ခုလုံး မတရားပါဘူး

ကိုယ့် အလှည့်ရောက်ခဲ့ရင်

အကြွေစေ့တစ်ခုကို ခေါင်းပန်းလှန်လိုက်မယ်

သူရဲကောင်းမဖြစ်ရင်လည်း နေပါစေ ...

အချစ်စစ်မှန်ရင်

ရွပ်ရွပ်ချွံချွံ ပဲ  ပေးဆပ်လိုက်မယ် ..... ။     ။
                                                            alinyinne