Friday, 12 April 2013
ဖလက်သီချင်းလုပ်နည်း
mm flash song (မှ) ကိုထုပ်ရေးထားတဲ့ နည်းလေးပါ
ကို ထုပ် ရေးထားတဲ့ ဖလက်(song) လုပ်နည်းလေးပါ,,,,,,, ခင်ညာ့။အခုမှ စပြီး လုပ်မဲ့ သူတွေ အတွက်ပါ။
အရင် ဆုံး ဖလက် သီချင်းလုပ်ဖို့ ဆွစ်မက် ဆော့ဝဲ ကို ဖွင့်လိုက်ရင် အောက်က ပုံ အတိုင်း တွေ့ရပါလိမ့်မယ်။
ပေါ့နော်။
အရင်ဆုံး မောက်စ် ကို ညာ ကလစ်ထောက်ပီး properties ကိုနှိပ်လိုက်ပါနော်......
ထုပ်ထုပ် တော့ အမြဲတမ်း အနက်ရောင် ကို ရွေးတယ်နော် အောက်မှာ ၀ိုင်း ပြထားတယ် ။

အကောင်းဆုံးပါ။ ဒါမှ အဖက် တွေ ၊ ပုံတွေ ထပ်ထည့်မှာ နဲ့ ဆိုတော့ အကိုက် မဟုတ်လား။

အပေါ်နဲ့ အောက်မှာ ပြထားတာ က အရုပ် အရှင် ထည့်ပီး သွားတဲ့ ပုံပါ။OutLine မှာ ကြည့်ရင် တွေ့ရမှာပါ။
ပါမယ် အောက်က ပုံမှာ ထည့်ပြီးလို့ တစ်ဝက်လောက် ရောက်ရင်တော့ ရပ်ထားပြီး ပလေး ၊ စတော့ ဘတ်တွန် ထည့်ပါမယ်။
အရုပ်တွေ အားလုံးထည့်ပြီးမှ ဘတ်တွန် ထည့်ရင် ဘတ်တွန်အဖက် မရ ဖြစ်တတ်ပါတယ်။
သီချင်းနဲ့ နောက် ပေါ်လာတာ ကို အနီရောင် နဲ့ ဘောင်ခတ် ပြထားပါတယ်။
ဘတ်တွန် အတွက် Christmas glass button ကို ရွေးလိုက်ပါ ။ အောက်က ပုံအတိုင်းတွေ့ရင် တော့ ညာကလစ်ထောက်ပြီး
cut object ကို နှိပ်လိုက်ပါ။
ပြီးရင် အောက် မှ မြှားပြထားတဲ့ အတိုင်း စောစောက လုပ်ထားတဲ့ သီချင်း မှာ ညာကလစ်နှိပ်ပြီး paste here ကို နှိပ်လိုက်ပါ။
အောက်က ပုံအတိုင်း ဘတ်တွန် ကို တွေ့ပါလိမ့်မယ် ။
ဒါပေမဲ့ ဘတ်တွန် ကို ထုပ်ထုပ် သီချင်းမှာ မြင်တဲ့ အတိုင်း ကျန်အောင် မလိုတာ တွေ ဖျက် ပစ်မှာပါ။ဘတ်တွန် ထည့်လိုက်ရင် အရင်ဆုံး
OutLine မှာ videoControls ဆိုတာလေးကို အောက်မှာ ပြထားတဲ့ ဘယ်ဘက်က ပုံလေးမှာ အပြာရောင်လေး နဲ့ ၀ိုင်းပြထားပါတယ် ။
အဲဒီ အပြာရောင်လေးက နဂိုက + ပုံလေး ကို နှိပ်ပြီး ဖြည်ချလိုက်ရင် ဘယ်ဘက်က အနီရောင် ဘောင်ခတ်ထားသလို တွေ့ရမှာပါ။
အဲလို ဖြည်ပြီးပြီ ဆိုရင်တော့ မလိုတာတွေ ကို ညာဘက်မှာ တွေ့တဲ့ ပုံအတိုင်း ကျန်တဲ့ အထိ ဖျက်လိုက်မှာပါ။
ကိုထွန်း ကတော့ time line လေး ထည့်တတ်ပါတယ်။ ထုပ်ထုပ်ကတော့ မထည့်ပါဘူး။ (ကိုယ့် သီချင်း ကို ကျော်တာ ရစ်တာ မခံနိုင်ပါဘူး
ခိခိ)
အားလုံး ဖျက်ပီးသွားရင်တော့ အနီရောင် လေး ၀ိုင်းပြ ထားသလို တွေ့ရမှာပါ ။ ဒါဆိုရင်တော့ ဘတ်တွန် ထည့်တတ်သွားပြီပေါ့နော် ။
ဒါက လုံးဝ မသိသေးတဲ့သူတွေ အတွက်ပါနော်
။ အရှင်းဆုံးဖြစ်အောင် ပုံတွေနဲ့ သေချာ ပြထားတယ်နော် ......မသိတာ မရှင်းတာ ပါရင် ကွန်မန့် မှာ မေးသွ
ပေါ့နော် ။
Thursday, 11 April 2013
ဖလက်သီချင်းစာမျက်နှာ(၃)
23:50
No comments
ဖလက်သီချင်းစာမျက်နှာ(၂)
23:39
No comments
ဖလက်သီချင်းစာမျက်နှာ(၁)
23:09
No comments
Subscribe to:
Posts (Atom)