Saturday 9 November 2013

VRoot v1.7.2 (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆော့ဝဲလ် (For Window XP/7/8) Latest version

VRoot က Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို  Root ပေးနိုင်တဲ့ Root Tool လေးဖြစ်ပါတယ်။ v1.7.2 နောက်ဆုံး Version ထွက်လာတာတွေ့လို့ တင်ပေးလိုက်တာပါ။ Vroot ကို သုံးဖူးသူတိုင်း သိမှာပါ။ Andriod ဖုန်း မြန်မာ စာထည့်ဖို့ Root ရင် VRoot ကအရမ်းကိုအဆင်ပြေပါတယ်။ 
Sony Xperia ဖုန်းတွေ အရင်က Root ရတာ အရမ်းခက်ပါတယ်။ သူ့နည်းတွေလိုက်ရှာ တခါ Root ရင် တခါ ခေါင်းစားရပါတယ်။ အခု ဒီ Vroot ကိုအစမ်းသုံးကြည့်တာ ဖုန်း Driver ဒေါင်းပြီးတာနဲ့ ၁၀ စက္ကန့် လောက်ပဲ စောင့်ရတယ်။ တခါတည်း Root Access ဖြစ်တယ်။ 
ဒီနောက်ပိုင်း ကျနော့်ဆီ ဖုန်းမြန်မာ ဖောင့် လာထည့်တဲ့ ဖုန်းတိုင်း Vroot နဲ့ပဲ Root ပြီး မြန်မာဖောင့် ထည့်ပါတယ်။ Vroot နဲ့ ကျနော်သုံးနေတာ အဆင်မပြေတဲ့ ဖုန်းမတွေ့သေးဘူး။ တကယ်ကောင်းတဲ့ Root Tool လေးပါ။ အခု မြန်မာ Version နဲ့ တင်ပေးလိုက်တာပါ။ ကျနော်တို့ မြန်မာလူမျိုးတွေ အတွက် အရမ်း အဆင်ပြေစေမှာပါ။ 
VRoot v1.7.2  ကို မြန်မာလိုပြောင်းတာ အောက်မှာ တဆင့်ချင်း ကြည့်ပြီး လိုက်လုပ်နိုင်ပါပြီ။
အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot v1.7.2 ဆော့ဝဲလ် ကို ဒီလင့်မှာ(Google Drive, zippyshare)  ဒေါင်းပါ။ ဒေါင်းပြီးရင် VRootv1.7.2 ကို ကွန်ပြူတာ မှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာ( zippysharehotfilesolidfilesfileboxsites.google) ဒေါင်းထားလိုက်ပါ။

ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် Properties ထဲဝင်ပြီး အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုနက ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ အစားထိုး လိုက်ပါ။ 

ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot v1.7.2 ဆော့ဝဲလ်လေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။
အားလုံးအဆင်ပြေပါစေ.......။ 

0 comments:

Post a Comment